PITAKA Has the Best Aramid Fiber iPhone Cases

2030 ခုနှစ်မှာ ကာဗွန်အသုံးပြုမှု အတိမရှိစေရေးရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် Apple မှ  leather iPhone case များနဲ့ Apple နာရီကြိုးများကို ဖယ်ရှားသွားတော့မှာဖြစ်ကြောင်း Apple Event မှာကြေညာခဲ့ပါတယ်။၎င်း leather အိတ်များနဲ့ တစ်ခြားသော ဖုန်း Accessories ပစ္စည်းများအစား ပို၍ကြာရှည်ခံသော microtwill ဖြင့်ပြုလုပ်ထားသည့် FineWoven အမည်ရှိဖုန်း case ကို Cupertino ကုမ္ပဏီမှ မိတ်ဆက်ပေးလာခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ iPhone 15 အတွက် FineWoven ဖုန်းcase များဟာ ခြစ်ရာတွေနဲ့ အစွန်းအထင်းများ ဖြစ်လွယ်တယ်ဆိုတဲ့ Complaints အနည်းငယ်တော့ရရှိခဲ့ပါတယ်။

ကျွန်တော်တို့ မကြာခဏ ကိုင်ဆောင် အသုံးပြုလေ့ရှိတဲ့ accessories ပစ္စည်းများပြုလုပ်တဲ့အခါမှာ caseအနေနဲ့ ကောင်းမွန်သော ခံစားချက်ဘယ်လောက်ရှိမလဲ၊ ကိရိယာကိုကော ဘယ်လောက်ကာကွယ်ပေးနိုင်မလဲ၊ ဘယ်လိုပုံသဏ္ဍာန်ရှိမှာလဲ စတာတွေကိုထည့်သွင်းစဥ်းစားဆုံးဖြတ်ဖို့ အင်မတန်အရေးကြီးပါတယ်။

အကောင်းဆုံးဖုန်း caseပစ္စည်းများ

အချိန်အတော်ကြာသည့်တိုင်အောင် ဖုန်း case ကဲ့သို့သော ပစ္စည်းတွေဟာ ပလတ်စတစ်၊ ဆီလီကွန်နဲ့ သားရေတို့ ပါဝင်လွှမ်းမိုးမှုများတဲ့ ပစ္စည်းတွေဖြစ်ခဲ့ပါတယ်။တစ်ခုစီမှာ ၎င်းတို့ရဲ့သက်ဆိုင်ရာ အားသာချက်​ အားနည်းချက်ကိုယ်စီရှိကြပေမယ့် ဖုန်းအိတ်တွေကို တခြားပစ္စည်းတွေနဲ့ လုပ်လို့မရဘူးလို့တော့ မဆိုလိုပါဘူး။

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေဟာ ဖုန်း case များနဲ့အခြား accessories တွေပြုလုပ်တဲ့အခါမှာ Aramid ဖိုက်ဘာ၊ ကာဗွန်ဖိုက်ဘာနှင့် အခြားပေါင်းစပ်ပစ္စည်းများကဲ့သို့သော အဆင့်မြင့်နည်းပညာသုံးပစ္စည်းများကို ပါစတင်အသုံးပြုလာခဲ့ကြပါပြီ။

Aramid Fiber နှင့် ကာဗွန်ဖိုက်ဘာ ဖုန်းcaseတွေကို မကြာသေးမီနှစ်များအတွင်း ပိုမို​တွေ့မြင်လာကြရပါတယ်။

Aramid Fiber ကဘာကြောင့် အကောင်းဆုံး နည်းပညာမြင့် ဖုန်း case ဖြစ်တာလဲ?   

Aramid Fiber ကိုအဆုံးစွန်သော ပေါ့ပါးမှုနဲ့ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ကြာရှည်ခံနိုင်မှုတို့အတွက် လူသိများပါတယ်။ သူရဲ့ ခိုင်ခံ့မှုဟာ သံမဏိ၊ ဖန်ဖိုက်ဘာနှင့် နိုင်လွန်တို့ထက် သာလွန်ပါတယ်။နောက်ပြီး ဓာတုဗေဒအရလည်း stable ဖြစ်တယ်။ဆိုလိုတာကတော့ ပွန်းပဲ့ခြင်းတွေ ရေနဲ့ ချွေးတို့ကို ခံနိုင်ရည်ရှိတာမျိုးပါ။မီးလောင်လွယ်မှု အလွန်နည်းတာကြောင့်လည်း မြင့်မား​တဲ့အပူချိန်မှာတောင်  ၎င်း၏အစွမ်းသတ္တိများစွာကို ထိန်းသိမ်းထားနိုင်ပါတယ်။

ပစ္စည်း၏ ကောင်းမွန်တဲ့ဝိသေသလက္ခဏာကျေးဇူးများကြောင့် Aramid ဖိုက်ဘာဖုန်း case များသည် သားရေ သို့မဟုတ် ပလပ်စတစ်ဖုန်း case များကဲ့သို့ အရောင်ပြောင်းခြင်းနဲ့ စွန်းထင်းမှုတို့ အလွယ်တကူမဖြစ်စေပါ။ သင့်အ​နေနဲ့ ဆော့စ်၊ ဆီ နှင့်ကော်ဖီတို့နဲ့ စွန်းထင်းမိမယ်ဆိုရငတောင် နူးညံ့ပြီး အနည်းငယ်စိုသော အဝတ်ဖြင့် ပြန်လည်သန့်ရှင်းလိုက်လို့ရပါတယ်။

Aramid fiber iPhone case တွေကို Carbon fiber iPhone case တွေနဲ့မမှားပါနဲ့

Aramid ဖိုက်ဘာမှအပ  ကာဗွန်ဖိုက်ဘာသည်  အာကာသယာဉ်၊ စစ်ဘက်ဆိုင်ရာနှင့် ကားပြိုင်ခြင်းလုပ်ငန်း​များမှာ ရေပန်းစားတဲ့ပေါ့ပါး​သော နောက်ထပ်နည်းပညာမြင့်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ကွာခြားချက်အနေနဲ့ ကာဗွန်ဖိုက်ဘာက သဘာဝအတိုင်း အနက်ရောင်ဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ကာဗွန်ဖိုင်ဘာတွေကို အရောင်အမျိုးမျိုး ဆိုးဆေးပြုလုပ်နိုင်သည့် နည်းပညာများ တစ်စတစ်စ ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း ရောင်စုံကာဗွန်ဖိုက်ဘာက လူကြိုက်များခြင်း မရှိသေးပါဘူး။တစ်နည်းဆိုရမယ်ဆိုရင် Aramid ဖိုက်ဘာကို အလွယ်တကူပဲ အရောင်အမျိုးမျိုး ဆေးဆိုးနိုင်တာပဲ ဖြစ်ပါတယ်။

ကာဗွန်ဖိုက်ဘာကို ယက်လုပ်ပြီးတဲ့နောက်မှာ လူအများစုသဘောကျကျတဲ့ မီးခိုးရောင်ထင်းထင်းနဲ့ အစင်းကြောင်းသဏ္ဍန် pattern ပုံစံနဲ့ရရှိပါတယ်။အနက်ရောင်နဲ့ မီးခိုးရောင် Aramid ဖိုက်ဘာထည်တွေဟာ ကာဗွန်ဖိုက်ဘာရဲ့ patternအတိုင်း တူညီသောပုံစံကိုပြသတဲ့အတွက် တစ်ချို့က Aramid ဖိုက်ဘာ iPhone case ကို ကာဗွန်ဖိုက်ဘာနဲ့ မှားတတ်ကြပါတယ်။

နောက်တစ်ခုက တကယ်စစ်မှန်တဲ့ ကာဗွန်ဖိုက်ဘာ iPhone case တွေကများများစားစားမရှိပါဘူး။ ကာဗွန်ဖိုက်ဘာက လျှပ်စစ်စီးကူးနိုင်ပါတယ်။ဆိုလိုချင်တာကတော့ ၎င်းအချက်က  ဖုန်းအချက်ပြမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာဗွန်ဖိုက်ဘာလို့ ခေါ်တဲ့ iPhone Case တွေကို သင့်အ​နေနဲ့သတိထားရပါမယ်။

အကောင်းဆုံး Aramid Fiber iPhone Cases များပြုလုပ်တဲ့ PITAKA

လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က PITAKA သည် iPhone 5 အတွက် aramid fiber case ကို ပထမဆုံးစတင်ထုတ်လုပ်ခဲ့ပါတယ်။ 2014 ခုနှစ်မှာ Aramid fiber သည်အခြားသာမန်ပစ္စည်းများထက် ပိုမိုပေါ့ပါး၊ပါးလျ တာရှည်ခံနိုင်ကြောင်း  PITAKA မှတွေ့ရှိခဲ့သည်။၎င်းတို့အနေနဲ့ DuPontand မှ aramid fiber သို့မဟုတ် Kevlar ကိုအသုံးပြု၍ လေဆာဖြင့်ဖြတ်တောက်ခြင်း၊ လေထုအပူချိန်မြင့်မားမှုနဲ့ လက်ဖြင့်ပွတ်ခြင်းစတဲ့လုပ်ငန်းစဥ်​တွေအပါအဝင် အခြားသော  ​လုပ်ငန်းစဥ်(40)ကျော်အား Protection ပိုင်းမလျော့ပဲ အဆုံးစွန်သော လုံခြုံမှုပေးတဲ့ စွမ်းဆောင်ရည်မြင့်ပစ္စည်းများကို ဖုန်းcaseများတွင်ထည့်သွင်း ပုံဖော်ရန်စီစဥ်ခဲ့ကြပါတယ်။

ထိုအချိန်ကစပြီး PITAKA သည် ပစ္စည်းနှင့် ဖုန်းကာဗာဒီဇိုင်းများအပေါ်  ဖြစ်နိုင်ချေများကို ဆက်လက်ရှာဖွေနေခဲ့ပြီး ယခုနှစ်များအတွင်းမှာ Update အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။

600D Aramid Fiber iPhone Cases

D ဆိုတာ Denier ရဲ့အတိုကောက်ဖြစ်ပြီး Aramid ချည်၏ မျဉ်းသားသိပ်သည်းမှုကို ရည်ညွှန်းပြပါတယ် ။ သိပ်သည်းဆသေးငယ်လေ၊ ပစ္စည်း ထုတ်လုပ်မှုဖြစ်စဥ်မှာ စိန်ခေါ်မှုများလေဖြစ်သည်။ သို့သော် 600D Aramid ဖိုင်ဘာများသည် ပိုမိုပေါ့ပါးပြီး နူးညံ့သော texture ရှိပါသည်။

iPhone 11 မှစတင်ပြီး Minimalism သမားများအတွက် အလွန်ပေါ့ပါးပြီးပါးလွှာသော Air Case ကိုဖန်တီးဖို့ PITAKA သည် 600D aramid ဖိုက်ဘာကိုအသုံးပြုခဲ့ပါတယ်။အခုခေတ်မှာတော့ သုံးစွဲသူများအနေနဲ့ 1500D ထက် 600D aramid fiber ဖြင့်ပြုလုပ်ထားသည့် ဖုန်းအိတ်များကို ပိုမိုနှစ်သက်လာကြပြီဖြစ်ပါတယ်။

 

Aramid fiber ကို TPUဖြင့်ပေါင်းစပ်ခြင်း

Aramid ဖိုက်ဘာအလွှာတစ်ခု သို့မဟုတ် နှစ်ထပ်လောက်သည် ဖုန်းကာဗာကို ပိုမိုအကာအကွယ်ဖြစ်ရလောက်အောင် မလုံလောက်ပါဘူး။လိုချင်သလောက် အလွှာများများလည်း ထည့်သွင်းအသုံးပြုလို့မရပါဘူး။ မဟုတ်ရင်ဖုန်း case က အရမ်းကို တောင့်တင်းပြီး ဖုန်းကနေ ​ပြန်ဖြုတ်တဲ့အခါမှာ အခက်အခဲရှိနိုင်ပါလိမ့်မယ်။ဒါကြောင့် PITAKA သည် အကာအကွယ် MagEZ Case Pro စီးရီးကို ထုတ်လုပ်ရန်အတွက် အဓိကပစ္စည်းများအဖြစ် aramid fiber နှင့် TPU ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

နှစ်ခု သို့မဟုတ် များစွာသောပစ္စည်းတွေကို အသုံးပြုတယ်ဆိုတာဟာ များသောအားဖြင့် ထိုမတူညီတဲ့ ပစ္စည်းများဆုံရာ အဆစ်များ သို့မဟုတ် စပ်ကြောင်းများ ထိတွေ့နေလေ့ရှိတာကို လူအများစုက နားမလည်နိုင်ကြပါ။သင့်အနေနဲ့ aramid fiber နှင့် TPU ကြားရှိ စပ်ကြောင်းများကို PITAKA ရဲ့ aramid fiber protective iPhone case အဟောင်းများမှာ တွေ့နိုင်ပါတယ်။

PITAKA သည် ကောင်းမွန်သော store ကိုလုပ်ဆောက်ချက်နဲ့  form ဖြင့်သတ်မှတ်ထားပေးပါတယ်။ဒါကြောင့် ၎င်းတို့အနေနဲ့ 3D Injection ပုံသွင်းစာထွင်း​​ခြင်း Technique ကိုလွန်ခဲ့သည့် နှစ်နှစ်က တီထွင်ခဲ့ပြီး စပ်ကြောင်းများကို ဖယ်ရှားကာ ဖုန်း caseကို တတ်နိုင်သမျှချောမွတ်ပြီး ပေါ့ပါးအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

 

Fusion Weaving ပေါင်းစပ်ရက်လုပ်ခြင်း

Aramid ဖိုက်ဘာ iPhone case များကို ထုတ်လုပ်သည့် ပထမဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ PITAKA အနေနဲ့ဖုန်းကာဗာဒီဇိုင်းကို ပြီးပြည့်စုံအောင်ဖန်တီးခြင်းအား ဘယ်တော့မှ ရပ်စဲသွားမှာမဟုတ်ပါဘူး။ရက်လုပ်နည်းများစွာနဲ့ နည်းပညာများစွာကို စမ်းသပ်ပြီးချိန် 2021 ခုနှစ်မှာ PITAKA သည် aramid ဖိုက်ဘာထည်များကို ရက်လုပ်ရန် နည်းလမ်းအသစ်ဖြစ်တဲ့ Fusion Weaving(ပေါင်းစပ်ရက်လုပ်ခြင်း) ကိုမိတ်ဆက်ပေးခဲ့ပြီး aramid fiber iPhone caseများတွင် မျဥ်းကွေးပုံသဏ္ဍန် ရင်သပ်ရှုမောဖွယ် pattern များကိုဖန်တီးခဲ့သည်။

သမားရိုးကျအားဖြင့် aramid ဖိုက်ဘာထည်ပေါ် သို့မဟုတ် ဖုန်း caseပေါ်မှာ မတူညီတဲ့အရောင်တွေ သို့မဟုတ် patterns တွေပေါ်လာစေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မတူညီသောအရောင်များ သို့မဟုတ် patterns များကို  တစ်ခုနဲ့တစ်ခု​တွဲဆက်ပြီး patterns များအကြား အဆစ်နဲ့စပ်ကြောင်းများကို မ​ဖြစ်မ​​နေ ချန်ထားခြင်းဖြစ်ပါတယ်။ Fusion Weaving (ပေါင်းစပ်ရက်လုပ်ခြင်း) နည်းလမ်းဖြင့် PITAKA သည်  လှပပြီး အရောင်အသွေးစုံလင်သော patterns များကို တူညီသော ရက်ကန်းစင်ပေါ်တွင် အထည်တစ်ထည်အဖြစ် ယက်လုပ်နိုင်ခဲ့ပါတယ်။ ယက္ကန်းတိုင်ချည် နဲ့  ဖောက်ချည်များရဲ့ ရှုပ်ထွေးသော အပြန်အလှန်ချိတ်ဆက်မှုက ထိတွေ့ခံစားမှု 3D texture ကို ဖန်တီးပေးပါတယ်။

 

Wrap-Up

ထုတ်လုပ်သူအနေနဲ့ ဖုန်းအချက်ပြမှုပိုင်းဆိုင်ရာကို အနှောက်အယှက်မပေးကြောင်း ရှင်းရှင်းလင်းလင်းတင်ပြထားမှုမရှိလျှင် ကာဗွန်ဖိုက်ဘာဖုန်း case အားအသုံးမပြုဖို့အကြုံပြုချင်ပါတယ်။စုံစမ်းမေးခွန်းထုတ်ထားသူမရှိဘူးဆ်ိုရင် ထုတ်လုပ်သူအနေနဲ့ စစ်မှန်သောကာဗွန်ဖိုက်ဘာကို အသုံးပြုထားခြင်းရှိမရှိ စစ်ဆေးပါ။

Aramid ဖိုက်ဘာ iPhone case များသည် အကောင်းဆုံး ကာဗွန်ဖိုက်ဘာ iPhone case အစားထိုးဖုန်း caseများဖြစ်ပြီး သူတို့ရဲ့ အရောင်တွေ၊ စတိုင်တွေနဲ့  လုပ်ဆောင်ချက်တွေပိုင်းဆိုင်ရာမှာလည်း ပိုမိုကောင်းမွန်တဲ့အ​နေထားမှာရှိပါတယ်။ PITAKAမှာလည်း အကောင်းဆုံး aramid ဖိုက်ဘာ iPhone case အချို့ရှိပါတယ်။ဝေးဝေးရှာနေစရာမလိုတော့ဘူးနော်။