အခု အသစ်ထွက်ရှိလာတဲ့ iphone 15 က ပြောင်းလဲမှုများစွာနဲ့ ပွဲထွက်လာပါတယ်။ ဘယ်လိုအရာတွေ ပြောင်းလဲသွားတာလဲ ဆိုတော့ အားသွင်းပေါက်က USB Type C ဖြစ်လာတယ်၊ frame ပိုင်းကလဲ Titanium ကို အသုံးပြုလာတယ်၊ ဘတ်ထရီ ဆိုဒ် ကြီးလာပြီးတော့ အရောင်အသစ်တွေပါ ပြောင်းလာတာပဲဖြစ်ပါတယ်။ အရောင်အကြောင်းပြောရမယ်ဆိုရင် PITAKA ကလဲ ဒီနှစ်ထဲမှာ iphone 15 case တွေကို အရောင်အသစ်တွေ ထွက်ထားပါတယ်။
Apple’s Iphone 15 cases
ယခင်နှစ်တွေတုန်းက apple ကနေ iphone အတွက် case တွေကို clear case တွေ, Silicone case တွေနှင့် leather case တွေကို ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် 2023 ရောက်တဲ့အခါ ဒီလုပ်နည်းလုပ်စဥ်ေတွကို ပြောင်းလဲမယ့် နှစ်ဖြစ်ပါတယ်။
9to5mac အပါအ၀င် အတွင်းသတင်းတွေ၊ ပေါက်ကြားသူတစ်ချို့ကတော့ iphone 15 ရဲ့ Lineupထဲမှာ leather case က တရား၀င်ထုတ်တော့မှာ မဟုတ်ဘူးလို့ ပြောကြားလာကြပါတယ်။
ဒီလိုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ဖို့ကလဲ လိုအပ်ပါသေးတယ်။ ဒါပေမယ့် leather case တွေ MagSafe Charger မှာ အကြိမ်ပေါင်းများစွာ တပ်ဆင်ပြီးအားသွင်းတဲ့အခါ MagSafe Ring နေရာလေးမှာ ခြစ်ရာတွေ အမှတ်အသားတွေ ကျန်ရစ်စေပါတယ်။
ဒါကြောင့်မလို့လဲ Apple က plastic သို့မဟုတ် silicone တွေလိုမဟုတ်ဘဲ သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ iphone 15 case တွေကို မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့က ဒီလို ဖြစ်နိုင်ခြေ ရှိမရှိအပေါ်မှာလဲ ခန့်မှန်းလို့ မရပြန်ပါဘူး။
PITAKA’s Iphone 15 cases
Leather တွေ၊ Silicone တွေ၊ plastic တွေကို အသုံးပြုမယ့်အစား PITAKA က Kevlar လို့ခေါ်တဲ့ aerospace-grade ရှိတဲ့ aramid fiber ကို အသုံးပြုပြီး ဖုန်းကာဗာတွေ ပြုလုပ်လာပါတယ်။
Aramid fiber က ခိုင်ခံ့ပြီး မယုံနိုင်လောက်အောင် ပေါ့ပါးတယ်၊ ဆွဲဆန့်မှုကိုလဲ ခံနိုင်ရည်ရှိတယ်။ ဒီအချက်တွေကပဲ PITAKA ကို ပေါ့ပါးပြီး ပါးလွှာတဲ့ case တွေကို ထုတ်လုပ်နိုင်စေတာဖြစ်ပါတယ်။
နှစ်ေပါင်းများစွာကတည်းက PITAKA က နည်းပညာမြင့် ပစ္စည်းတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်ပြီး aramid fiber case တွေကို ပိုမို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကပဲ Iphone 15 case တွေကို အဆင့်မြှင့်တင် ပြုလုပ်ခြင်း အကြောင်းပြချက်တွေလဲဖြစ်ပါတယ်။
iPhone 15 Case with New Colors & Style

ပုံမှန်အတိုင်း PITAKA ဟာ နောက်ဆုံးထွက် iphone 15 အတွက် the slim MegEZ case series နှင့် the protective MegEZ caseဆိုပြီး case ၂မျိုးကို ပြုလုပ်ထားပါတယ်။ The Slim iphone 15 case တွေမှာ ဆိုရင် classic black, fusion weaving styles Overture နှင့် Rhapsody ပြီးတော့ တခြား အရောင်အသစ်တွေကိုလဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ယခင်က protective case တွေမှာ အနက်တစ်မျိုးသာ ထွက်ရှိထားတာဖြစ်ပြီး ဒီနှစ်မှာတော့ အပြာရောင်နဲ့ တခြား အရောင်တွေလဲ ရရှိပါတယ်။

အရောင်အသစ်တွေအပြင် Fashion နဲ့ပတ်သတ်ပြီး ဒီနှစ်မှာ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ လက်တွဲ အလုပ်လုပ်ထားတာကိုလဲ တွေ့ရပါတယ်။ ဒါကြောင့်လဲ ဒီဇိုင်နာထုတ် iphone 15 case တွေကိုလဲ တွေ့မြင်ရဖို့ မျှော်လင့်ရပါတယ်။
New Tech
ယခင်နှစ်တွေက MagSafe SlimBoard™ technology ကို အသုံးပြုပြီး အပါးလွှာဆုံး MagSafe iphone 14 ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး aramid fiber နှင့် TPU တွေကတေ MagEZ case pro တွေ ဖန်တီးပြုလုပ်ဖို့ 3D injection molding Labeling တွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ နည်းပညာတွေနှင့် နည်းပညာအသစ်တွေ ဖွံ့ဖြိုးဖို့ ဘယ်တော့မှ ရပ်တန့်မှာလဲ မဟုတ်ပါဘူး။
Iphone 15 case ထဲမှာလဲ အထူးပြုလုပ်ထားတဲ့ Chips ပြားလေးကိုလဲ ထည့်သွင်းထားတာဖြစ်ပြီး ၎င်းက ဖုန်းရဲ့ ပစ္စည်းတွေကို အစစ်အမှန်ဖြစ်အောင် စစ်ဆေးပေးခြင်း၊ PitaStudio မှ wallpapers တွေ၊ games တွေနဲ့ သီချင်းတွေကဲ့သို့သော အရာတွေကို ကြည့်ရှုနိုင်ကာ ဖုန်းကို အသုံးပြုရခြင်းရဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကိုလဲ ရစေပါတယ်။
Protective Iphone 15 case
Iphone 15 အတွက် ထုတ်လုပ်ထားတဲ့ MagEZ case pro series တွေက military-grade drop tested ပြုလုပ်ပြီးသားတွေဖြစ်ပါတယ်။ protective iphone 14 case တွေလိုပဲ signature ဖြစ်တဲ့ 3D injection molding Labeling နည်းပညာကို အသုံးပြုပြီး aramid fiber တွေနှင့် flexible TPU တွေကနေတစ်ဆင့် ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီပစ္စည်း၂ခုက တာရှည်ခံနိုင်မှုကို တိုးမြှင့်လာစေဖို့နှင့် iphone 15 case ကို တတ်နိုင်သမျှ အပေါ့ပါးဆုံးဖြစ်အောင် ထိန်းသိမ်းထားတာလဲဖြစ်ပါတယ်။
ဒါ့အပြင် case တွေမှာ metal နဲ့ပြုလုပ်ထားတဲ့ ခလုတ်တွေတပ်ဆင်ထားပြီး နှိပ်တဲ့အခါ လွယ်ကူစေရန်နဲ့ သက်တောင့်သက်တာရှိစေရန် ဒီခလုတ်တွေကို ထိန်းပေးထားပါတယ်။
New MagSafe Accessories for Iphone
2020 ကတည်းက Apple က မိတ်ဆက်ပေးခဲ့တဲ့ MagSafe နည်းပညာက ကျနော်တို့ ဖုန်းကို ဘယ်လို ထိတွေ့သလဲ ဆိုတာအပေါ်လိုက်ပြီး ပြောင်းလဲ လာပါတယ်။ MagSafe accessories တွေက ကျနော်တို့ အားသွင်းတဲ့စနစ်ကို ကောင်းမွန်စေပြီး iphone ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ကာ သက်တောင့်သက်သာရှိအောင် ဆောင်ရွက်ပေးပါတယ်။
Apple မှာ wireless MagSafe Charger နှစ်မျိုးရှိပြီး Device တစ်လုံး သို့မဟုတ် နှစ်လုံး အသုံးပြုနိုင်ပါတယ်။ MagSafe wallet နှင့် MagSafe Power pack ဆိုပြီး နှစ်မျိုးလဲ ထုတ်လုပ်ထားပါသေးတယ်။ ဒါပေမယ့် အရှင်းဆုံးပြောရရင် လူတွေက MagSafe accessories တွေကို တခြားနေရာတွေအတွက်လဲ လိုအပ်ပါသေးတယ်။ 2020 မှာ ပြုလုပ်ခဲ့တဲ့ ပွဲပြီးနောက် Cupertino ကုမ္ပဏီဟာ MagSafe accessories တွေကို ထပ်ပြီး မထုတ်လုပ်ခဲ့သလို အဆင့်မြှင့်တင်မှုတွေလဲ မလုပ်ခဲ့တော့ပါဘူး။
သို့သော်လဲ Third-party accessories တွေကိုတော့ရွေးချယ်လို့ရပါသေးတယ်။ PITAKA မှာ ဆိုရင် MagEX Slider 2, 3 in 1 wireless charger တွေနှင့် ဖုန်းကို နေရာတကျ အံကိုက်ဖြစ်စေပြီး ကားမောင်းတဲ့အခါ အားသွင်းလို့ရနိုင်တဲ့ MagEZ Car Mount Pro တို့လို iphone accessories တွေ ရှိပါသေးတယ်။
2023 မှာတော့ PITAKA က Talsa ကားတွေနဲ့ အသုံးပြုလို့တဲ့ MagSafe car mount တွေအဖြစ် အဆင့်မြှင့်တင်လာပါတယ်။ ပြီးတော့ MagEZ Grip ကို ပိုပြီး flexible ဖြစ်အောင်ပြုလုပ်လာကြပါတယ်။