Introducing The Thinnest iPhone 14 Pro Max Case

ကျွန်တော်တိုတွေဟာ phone case (သို) မြန်မာလို အလွယ်အခေါ်များတဲ့ ဖုန်းကာဗာတွေကို အရွယ်အစားကြီးကြီးနဲ့တော့ အကြိုက်နည်းကြပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်အရင်ကဆို Air case တွေကို တစ်ဆင့် အဆင့်မြင့်တင်တဲ့ အနေနဲ့ aramid ဖိုက်ဘာကို အသုံးပြုထားတဲ့ ကမ္ဘာမှာ အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံးဖြစ်အောင် ဖန်တီးခဲ့ဖူးကြပါတယ်။ Minimalistic ဖြစ်တာကြောင့် လူတော်တော်များများက နှစ်သက်ခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ iPhone 14 စီးရီးအတွက် ကျွန်တော်တိုရဲ့ သံလိုက်ကို အသုံးပြုထားတဲ့ magnetic caseကို စတင်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် MagSafe magnetsကို အသုံးပြုပြီးတော့ MagEZ series case ကို ပိုးပြီးပါးလွှာအောင် လုပ်နိုင်မယ်လိုရော ထင်ရဲ့လား၊ စဉ်းစားကြည့်ပါ။

အမှန်တော့ MagSafe magnetsကို အသုံးပြုထားတဲ့ MagSafe SlimBoard လိုခေါ်တဲ့ အပါးလွှာဆုံး iPhone 14 Caseကတော့ ပေါ်ထွက်လာခဲ့ပါပြီ။

 

 

ဘာကြောင့် ပါးလွှာတဲ့ cases တွေကို လိုအပ်တာလဲ

မိုဘိုင်းလ်ဖုန်း သမိုင်းလမ်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် အခုခေတ်မှာ “ပါးလွှာတာမှုသည် ဆွဲဆောင်မှု အသစ်”-“slim is the new sexy” လို ဘာကြောင့်ပြောတာလဲဆိုတာကို နားလည်ကြမယ်လိုထင်ပါတယ်။ ပါးပါးလျားလျားရှိတဲ့ ဖုန်းလေးတွေဟာ အမြင်အားဖြင့်လည်း လှသလို အသုံးပြုရတာလည်း အတော်လေး သက်တောင့်သက်သာရှိစေတဲ့အတွက် ဖုန်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထက် ပိုမိုပါးလွှာလာပြီးတော့ လူတွေကလည်း ဖုန်းကို ပိုပြီးစွဲမက်လာကြတာကို တွေ့ရမှာပါ။

ဒါဆိုရင်ဘာလို ကျွန်တော်တိုက ကျွန်တော်တိုရဲ့ ဖုန်းလှလှလေးတွေကို ကာဗာတွေထဲ ထည့်သိမ်းနေကြသေးတာလဲ။

အဖြေကတော့ရှင်းပါတယ် ” ဖုန်းတွေကို အကာအကွယ်ဖြစ်စေချင်လိုပေါ့”

ဖုန်းက လက်ကနေ လွတ်ကျပြီး ကြမ်းပြင်နှင့် ထိမိတဲ့အခိုက်မှာ ဖုန်းကာဗာတပ်ထားတာက အထိအခိုက်နည်းစေပါတယ်။ အမှန်ကတော့ ဖုန်းကာဗာက ဘယ်လောက်ပဲ ထူနေပါစေ ငါးပေအကွာကနေ ဖုန်းပြုတ်ကျပြီး‌ ‌ထောင့်နေရာက သွားကျမယ်ဆိုရင် ကံမကောင်းစွာနဲ့ ဖုန်းမှန်အက်ကွဲသွားနိုင်ပါတယ်။

တကယ်တော့ ယနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်းတွေကို အတော်လေး တာရှည်ခံအောင် ပြုလုပ်ထားကြပါတယ်။

iPhone 14 မော်ဒယ်တွေမှာဆိုရင် အာကာသယာဉ်အဆင့်ရှိတဲ့ အလူမီနီယမ် သိုမဟုတ် သံမဏိဘောင်များနှင့် ခြစ်ရာများကို ခံနိုင်ရည်‌ရှိအောင် ပြုတ်ကျတဲ့ ဒဏ်ကို လေးဆကာကွယ်ပေးနိုင်အောင် ကြွေဒိုင်းအကာအကွယ်မှန်များအသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီအပြင် Iphone 14ဟာ IP68 ratingရှိပြီး‌ ‌ဖုန်ဒဏ်၊  ရေစိုဒဏ်တွေကို ခံနိုင်အောင်ပြုလုပ်ထားပါတယ်။

မိတ်ဆွေတိုအနေနဲ့ရော ဖုန်းဘယ်နှစ်ခါလောက် ပြုတ်ကျလေ့ရှိလဲ။ ဖုန်းကို နောက်ဆုံးအကြိမ် ပြုတ်ကျတဲ့ အချိန်ကိုမှတ်မိလား။

တကယ်လို ခင်ဗျားက ဖုန်း ပြုတ်ကျလေ့မရှိဘူးဆိုရင်တောင် စားပွဲပေါ်တင်လိုက်တာနဲ့ ဖုန်းကို ခြစ်ရာတွေ၊ ခြစ်ရာတွေ၊ အဖုအထစ်တွေကနေ ကာကွယ်ဖို ဖုန်းကာဗာတော့ တပ်ထားဖို လိုအပ်ပါတယ်။

ဒါကြောင့် ဖုန်းကာဗာအပါးလေးတွေကို အသုံးပြုတာက ဖုန်းရဲ့ ပါးလွှာသောပုံသဏ္ဌန်ကိုလည်း အတတ်နိုင်ဆုံး ပျောက်မသွားစေဘဲ ဖုန်းကို ကိုယ်သတိမထားမိတဲ့ ပွတ်တိုက်မှု၊ မတော်တဆပြုတ်ကျမှု ဒဏ်တွေကို စိတ်ပူနေစရာမလိုဘဲ တစ်နေ့တာလုံး  သက်တောင့်သက်သာ ကိုင်နိုင်ပါတယ်။

ဒီစာဖတ်တဲ့ လူတွေထဲမှာတော့ ဖုန်းကာဗာ ပါးပါးလေးတွေကို မကြိုက်ဘူးလို့ထင်ပါတယ် နော်။

 

SlimBoard- အပါးလွှာဆုံး iPhone 14 ကာဗာနောက်ကွယ်မှာ ဘယ်လိုနည်းပညာတွေ အသုံးပြုထားတာလဲ

စျေးကွက်မှာရှိတဲ့ MagSafe အိတ်များရဲ့ ပျမ်းမျှအထူဟာ 1.8 မီလီမီတာဖြစ်ပါတယ်။ အထူကို သိသာစွာ အတိုင်းအတာတစ်ခုအထိ လျှော့ချထားနိုင်တဲ့ သော့ချက်ကတော့ MagSafe သံလိုက်ကို ပါးလွှာနေအောင် ပြုလုပ်ထားလိုပဲဖြစ်ပါတယ်။  ဖုန်းကာဗာ စထုတ်လုပ်သူအများစုကဲ့သိုပင်၊ iPhone 13 စီးရီးအတွက် MagEZ Case 2 ကို ဒီဇိုင်းဆွဲတဲ့အခါ၊ aramid ဖိုက်ဘာ သိုမဟုတ် အခြားပစ္စည်းများအလယ်မှာ MagSafe သံလိုက်တွေကို အသုံးပြုထားပြီးတော့ ၎င်းတိုကို ဖိသိပ်ထားပါတယ်။

ဖုန်းကာဗာကို ပါးလွှာအောင်လုပ်မယ့် အကောင်းဆုံးနည်းလမ်း (သို) တစ်ခုထဲရှိတဲ့ နည်းလမ်းကတော့ ဖုန်းကာဗာထဲမှာ သံလိုက်ပြားထည့်ဖိုပါပဲ။ ဒါပေမယ့် အဲဒါဟာ ဖုန်း‌ကာဗာကိုပေါ်မှာ စက်ဝိုင်ပုံစံတွေတွေ့နိုင်ပြီးတော့ MagSafe ဖုန်းကာဗာဟာ ထူသွားနိုင်ပါတယ်။

အင်ဂျင်နီယာများနှင့် ဒီဇိုင်နာများဟာ ဖုန်းကာဗာများမှာ MagSafe သံလိုက်များ ထည့်သွင်းရန် နည်းလမ်းသစ်ကို လပေါင်းများစွာ ရှာဖွေခဲ့ပြီး MagSafe SlimBoard ကို စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်မှ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ MagSafe magnet (N52SH)ပြားကို လေးအား၊ ဖိအားများများနဲ့ resin လောင်းပြီး ပါးလွှာနေအောင် ပြုလုပ်လိုက်ပါတယ်။ ပြီးမှ aramid ဖိုက်ဘာထည်များကြားမှာ ထိုအပြားလေးကို ထည့်လိုက်ပြီး ဖိသိပ်ထည့်လိုက်ပါတယ်။ ဒီလိုနည်းဖြင့်သာ ကာဗာဟာ ပါးပါးလေးနဲ့ စက်ဝိုင်းပုံ MagSafe အရာတွေ မထင်မှာ ဖြစ်ပါတယ်နော်။

လွယ်လိုက်ချည်လား။ ဟုတ်ပါတယ်၊ အဲဒါရဲ့နောက်ကွယ်က နည်းပညာက လုံးဝ မခက်ခဲပါဘူး။ ဒါပေမယ့် တကယ်ဖြစ်လာအောင်လုပ်ဖို အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးလိုပါတယ်။ Apple CEO James ပြောသလိုပဲ တီထွင်ဖန်တီးမှု သိုမဟုတ် ဒီဇိုင်းတစ်ခုကို လူတွေရဲ့ဘဝအတွက် ရိုးရှင်းလွယ်ကူစေရန် နှင့် အသုံးဝင်သော အရာတစ်ခုပြုလုပ်ရန် ရှိရင်းစွဲနည်းပညာကို အသုံးပြုခြင်းက နည်းပညာအသစ်များကို တီထွင်ခြင်းထက် ပိုပြီးခက်ပါတယ်။ iPod သိုမဟုတ် iPhone အသစ်များမှာဆိုရင် တြိဂံပုံစံကင်မရာ မှန်ဘီလူးကဲ့သိုသော ထုတ်ကုန်ကောင်းများစွာကို တီထွင်ခဲ့ပါတယ်။

 

ကဲ.. ဒါဆိုရင် အပါးလွှာဆုံး iPhone 14 Pro Max Case အကြောင်းကို ဆက်ပြီကြည့်လိုက်ရအောင်

 

MagSafe SlimBoardကြောင့် iPhone 14 စီးရီးအတွက် MagEZ Case 3 ဟာ MagEZ Case 2 ထက် 33% ပိုပါးပြီး အထူ 0.95 မီလီမီတာနှင့် အနည်းဆုံး 17.3g အလေးချိန်ရှိတဲ့ MagEZ Case 2 ထက် 27% ပိုမိုပေါ့ပါးပါတယ်။ ၎င်းသည် ပျမ်းမျှအားဖြင့် MagSafe iPhone 14 အိတ်များထက် 40% ပိုပါးပြီး 28% ပိုပေါ့ပါတယ်။ ဒါဆိုရင် ဒီဖုန်းကာဗာက ပါးနေတာဆိုတော့ သံလိုက်ဓာတ် အားနည်းနေမလား။

ပြီးခဲ့သောနှစ်က Appleရဲ့ MagSafe caseများထက် ပိုမိုအားကောင်းတဲ့ သံလိုက်စွမ်းအားကို လုပ်ဆောင်တဲ့ MagSafe သံလိုက်များဖြင့် iPhone 13 caseများကို ပြုလုပ်ခဲ့ပါတယ်။ သံလိုက်ဓာတ် အားနည်းခြင်းဟာ အချိုသောအခြေအနေများမှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ပေမယ့် ကြိုးမဲ့အားသွင်းခြင်းအတွက်တော့ အလွန်ကောင်းမွန်ခြင်းမရှိပါ။ ပိုအားကောင်းတဲ့ သိုမဟုတ် ပိုထူတဲ့ သံလိုက်များဟာ ကြိုးမဲ့အားသွင်းခြင်းအပေါ် သက်ရောက်မှုပိုကောင်းပါတယ်။

ဒါပေမယ့် MagSafe Slimboard ကိုတော့ အကာအကွယ်နှင့် ပါးလွှာမှု၊ ကြိုးမဲ့အားသွင်းမှု အမြန်နှုန်းနှင့် သံလိုက်စွမ်းအားတိုကြား ဟန်ချက်ညီစေရန် ပြန်လည်ဒီဇိုင်းထုတ်ထားပါတယ်။ MagEZ Case 3 ဟာ ယခင်မျိုးဆက်တွေထက် ပိုမိုပါးလွှာပြီး ပေါ့ပါးပါတယ်။ ပြီးတော့  Apple  MagSafe ကိစ္စများကဲ့သို အားကောင်းတဲ့ MagSafe ချိတ်ဆက်မှုရှိနေဆဲပဲဖြစ်ပါတယ်။

အခုအဆင့်မြှင့်ထားတဲ့ ကာဗာနဲ့သာဆိုရင် မိတ်ဆွေတိုရဲ့ Iphone ဟာ ကြည့်ရလည်း အလွန်ကောင်ပြီး တစ်နေ့တာလုံး ကိုင်ဆောင်ရတာလည်း သက်တောင့်သက်သာရှိစေမှာပါ။ ဒီအပြင် MagSafe ဆက်စပ်ပစ္စည်းများကို သံလိုက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့အတွက် အားသွင်းနှုန်းလည်း မြန်ဆန်လှပါတယ်။

PITAKA မှ အပါးလွှာဆုံးသော iPhone 14 ကာဗာကတော့ ပါးလွှာတဲ့  iPhone အသစ်တစ်လုံးလို ခံစားစေပြီး အကာအကွယ်ကိုလည်း အပြည့်အဝပေးနိုင်တဲ့အပြင် ဖုန်းရဲ့ အလှကိုလည်း လုံးဝထိန်းထားနိုင်ပါတယ်။ ဒီကာဗာဟာ Apple MagSafe accessoriesတွေနှင့် PITAKA’s PitaFlowကို  ချောမွေ့စွာ လုပ်ဆောင်‌ပေးပြီးတော့  worry-free and transit-free experience ကို ခံစားစေနိုင်ပါတယ်။ အကယ်၍ မိတ်ဆွေက နောက်ထပ်  အပို အကာအကွယ်အချိုကို ရှာဖွေနေတယ်ဆိုရင် iPhone 14 Series အတွက် MagEZ Case Pro 3 ကို သုံးကြည့်လိုက်ပါ။ အဲဒီကာဗာလေးဟာ ကာကွယ်မှုကိုလည်း အပြည့်အဝပေးနိုင်တဲ့အပြင် ရိုးရှင်းပြီး သပ်ရပ်နေတဲ့ minimalistic styleကိုလည်း ခံစားစေမှာပါ။

 

iPhone 14 Pro/ProMax