5 Tips to Not Drop Your Phone (Even In the Toilet)

အခုခေတ်မှာ ကျွန်တော်တို့လူသားအများစုက  ဖုန်းခေါ်တာ ဒါမှမဟုတ် ဖုန်းဖြေတာ တက္ကစီပေါ်မှာ မေ့ကျန်ခဲ့တာမျိုးနဲ့ နောက်ပြီးကျပျောက်သွားတာတွေစသဖြင့် ဖုန်းနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိတတ်ကြပါတယ်။

လောလောနဲ့သတိလက်လွတ်ဖြစ်တတ်တဲ့ သူတွေကတော့ အဲ့လိုစိတ်ပူပန်စရာအခြေနေတွေဟာ ဘယ်လောက်လန့်ဖို့ကောင်းတယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။သင့်အနေနဲ့လည်း မှတ်ဥာဏ်တအားကောင်းတယ်ဆိုရင်တောင် မတော်တဆဆိုတာကတော့ ဖြစ်တတ်တာပါ​ပဲနော်။

သင့်အနေနဲ့ဖုန်းကို အန္တရာယ်ကင်းအောင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာအတူ​တူ လေ့လာကြည့်ကြရအောင်။ ခဏ သင့်အနေနဲ့ကော ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို မလိုအပ်ဘူးလို့ထင်ပါသလား။

သင့်ဖုန်းက ကျောက်တုံးပမာမာကျောကောင်းမာကျောနိုင်ပါတယ် သို့ပေမယ့်လည်း….

iPhone 12 စီးရီးမှာဝင့်ကြွားစရာ ကြွေထည်ကိုယ်ထည်နဲ့ ဖန်သားပြင်ကြောင့် အရှေ့ယခင်မော်ဒယ်တွေထက် drop-durability ကလေးဆပိုပါတယ်။ ဟုတ်ပါတယ် ကြွေထည်ကိုယ်ထည်က စမတ်ဖုန်းမှာအသုံးပြုဖို့အခက်ခဲဆုံး Glass ဖြစ်ပါတယ် ။ ဒါပေမယ့် ၎င်းကမှန်သားပါပဲ မှန်ဆိုတဲ့အတိုင်း မှန်ကွဲတာအက်တာတွေရှိတတ်ပါတယ်။

သင့်အနေနဲ့ ဖုန်းဘယ်လိုလွတ်​ကျမလဲ ဘယ်ထောင့်နဲ့ကျမလဲဆိုတာကိုလည်း မသိနိုင်ပါဘူး။ Glass screen နဲ့ အနောက်ဘောင်တွေက ပြုတ်ကျတာတွေတော်တော်များများအတွက် ပြဿနာသိပ်မရှိပေမယ့် သင့်အနေနဲ့ နောက်တစ်ကြိမ်မှာတော့ ကံကောင်းချင်မှကောင်းတော့မှာပါ။အဲ့လိုတွေဖြစ်လာတဲ့အခါ သင့်အနေနဲ့လည်း ကျိန်ဆဲတာတို့ အော်တာတို့ ငိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် စသဖြင့် ဝမ်းနည်းစိတ်ပျက်ရပါလိမ့်မယ်။ အက်ကွဲပျက်စီးသွားတဲ့ ဖုန်း screenပုံများကိုမြင်ပြီး အမှတ်မထင်တဲ့ မတော်တဆပြုတ်ကျမှုလေး တစ်ခုက သင့်ဖုန်းတစ်လုံးလုံးကို ပျက်စီးဖို့လုံလောက်တယ်ဆိုတာ နားလည်ရပါလိမ့်မယ်။

ဒီနေရာမှာတစ်ခုပြောချင်တာကတော့ Screen ကွဲခြင်းကို ပြုပြင်တာက ကုန်ကျစရိတ်များတယ်ဆိုတာပါပဲ။iPhone 12 mini screenကို အစားထိုးဖို့ဆိုရင် ဒေါ်လာ ၂၀၀နဲ့အထက်(အာမခံကာလကျော်လွန်ပြီးစျေးနှုန်း) Appleကကောက်ခံပါတယ်။ နောက်ပြီး အဲ့ဒီဖုန်းက Size သေးသေးပါ ။အခြားဖုန်းအသုံးပြုသူ ဖုန်း screenကွဲ user တွေရဲ့ဇာတ်လမ်းတွေက သိပ်ပြီးထူးခြားချက်တော့မရှိပါဘူး။

သင့်ဖုန်းရဲ့ ဘယ်အစိတ်အပိုင်းကမှ ကြာရှည်မခံပါ

သင့်အနေနဲ့ ဖုန်းလွတ်ကျပြီးတဲ့နောက် ဘာအထိခိုက်မှမရှိပဲ အကောင်းတိုင်းရှိနေတာကို တွေ့ကောင်းတွေ့နိုင်ပါတယ်။ ကံကောင်းလိုက်တာပေါ့ ။ဖုန်းကတော်တော်အကြမ်းခံတာပဲလို့လည်းတွေးကောင်းတွေးနေနိုင်တယ်။ 

သီချင်းဖွင့်ပြီး မိုက်ခရိုဖုန်းသံအက်အက်ကို မကြားရမချင်းပေါ့။

ရှေ့မှန်နဲ့နောက်မှန်က မာကျောတဲ့ မျက်နှာပြင်ပေါ်ကျတာတွေကို ခုခံနိုင်တယ်ဆိုရင်တောင်မှ ဖုန်းရဲ့သတ္တုဘောင်နဲ့ စက်အတွင်းက သေးငယ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေကို ထိခိုက်မှုမရှိနိုင်ဘူးလို့ မဆိုလိုပါဘူး။

ဒါကြောင့် သင့်အနေနဲ့ ဖုန်းကိုနှစ်ကြာကြာ အသုံးပြုချင်တယ်ဆိုရင် ဖုန်းလွတ်ကျတဲ့ အကြိမ်အရေအတွက်ကို နည်းနိုင်သမျှနည်းအောင် ပိုဂရုစိုက်သင့်ပါတယ်။

ဖုန်းပြုတ်ကျတာတွေမဖြစ်ဖို့ နည်းလမ်းများ

 1. ဖုန်း case ကောင်းကောင်းသုံးပါ

လူအများစုအနေနဲ့ ၎င်းတို့ရဲ့နေ့ဓဒူဝထိတွေ့နေတဲ့ ပစ္စည်းတွေကနေ ကာကွယ်ဖို့ ပထမဆုံးစဥ်းစားကြတာက ဖုန်းကာဗာတွေပဲဖြစ်ပါတယ် ။ မြေပြင်ပေါ်ဖုန်းလွတ်ကျတဲ့အခါဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲ ထိခိုက်မှုအချို့ (ကျွန်တော်ဘာကိုဆိုလိုချင်လဲ သင်နားလည်ပါတယ်) ကိုကာကွယ်ဖို့ မဖြစ်မနေရှိသင့်တဲ့ accessoryတစ်ခုလည်း ဖြစ်ပါတယ်။ကုန်ကျစရိတ်နည်းနည်းနဲ့ လမ်းသွားလမ်းလာမှာလည်း အကာအကွယ်ဖြစ်ပါတယ်။

 

ပိုမိုကာကွယ်တယ်ဆိုတာ တစ်နည်းအားဖြင့် အရေအတွက်များများ ထပ်မံအသုံးပြုတယ်လို့ အများအားဖြင့် ဆိုလိုပါတယ်။ဒါပေမယ့်လည်း အချို့ဖုန်း case တွေကရိုးရှင်းတဲ့ minimalist စတိုင်လ်ကိုထိန်းသိမ်းထားရင်း ရေရှည်တည်တံ့တဲ့ အကာအကွယ်ကိုလည်းprovide လုပ်ပေးနိုင်ကြပါတယ် ။ သင်ကဂရုတစိုက်ရှိတဲ့သူဆိုရင် ပါးလွှာတဲ့ဖုန်းcase တစ်ခုနဲ့တင်လုံလောက်ပါတယ်။

ဖုန်းကာဗာတစ်ခုထားရှိခြင်းရဲ့  နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဖုန်းကိုင်ဆောင်မှုကို ပိုမိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။လက်ဆီပြန်တတ်တဲ့သူတွေ  ချွေးထွက်များတဲ့လက်ပိုင်ရှင်တွေ အတွက်ဆိုရင် Glass ကိုယ်ထည်ဖုန်းတွေက ချော်ထွက်နိုင်တယ်။လက်နဲ့ကိုင်ရန်ကောင်းမွန်တဲ့ texture ရှိတဲ့ဖုန်း case တစ်ခုသည် သင့်ရဲ့လက်ထဲမှဖုန်းကို  ချော်ထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

2. မှန်မကွဲတပ်ဆင်အသုံးပြုပါ။ 

သင့်အနေနဲ့ဖုန်းရဲ့ အနောက်ကျောကိုတောင် ကာကွယ်ဖို့လိုအပ်မယ်ဆိုရင်၊ ရှေ့မျက်နှာပြင်ကိုလည်း ချန်မထားသင့်ပါဘူး။

3. Ring holder သို့မဟုတ် ဖုန်းအလှကြိုးတပ်ဆင်ပါ။

ကျွန်တော်ကလတိုင်းနီးပါး မကြာခဏဖုန်းပြုတ်ပြုတ်ကျတတ်တဲ့အတွက် အကာအကွယ်ဖြစ်အောင် ဖုန်းcase တစ်ခုနဲ့ မာကျောခိုင်ခံ့တဲ့ မှန်မကွဲကိုတပ်ဆင်အသုံးပြုဖြစ်ပါတယ်။သင်ကကျွန်တော့်လို နမော်နမဲ့နိုင်ပြီး သတိလက်လွတ်ဖြစ်တတ်တဲ့သူဆိုရင် ဒါမှမဟုတ် လက်ထဲပစ္စည်းတွေနဲ့အမြဲပြည့်နေလေ့ရှိတဲ့သူဆိုရင် Ring holder သို့မဟုတ် ဖုန်းကြိုးလေးတွေကို သင့်အနေနဲ့လိုအပ်ပါမယ်နော်။ သင့်ရဲ့လက်ချောင်းတွေ ဒါမဟုတ် လက်ကောက်ဝတ်မှာ လက်စွပ်/ကြိုးတို့နဲ့ ဖုန်းကိုတွဲဆက်ထားနိုင်ပါတယ်။။မတော်တဆတစ်ခုခုဖြစ်ခဲ့သည်ရှိသော် သင့်ဖုန်းက သင့်ရဲ့လက်ချောင်းကြားနဲ့ လက်ကောက်ဝတ်မှာသာ တွဲလောင်းအနေထားနဲ့ရှိနေမှာဖြစ်ပြီး ကြမ်းပြင်ပေါ်ကိုပြုတ်ကျတော့မှာမဟုတ်ပါဘူး။

အကယ်လို့ သင့်အနေနဲ့ အပြင်ထွက်နေရတဲ့လူတစ်ယောက်ဆိုရင် ring holder နဲ့ဖုန်းကြိုးတွေက အဆင်လည်းမပြေသလို လုံခြုံမှုလည်းလုံလုံလောက်လောက် မပေးနိုင်ပါဘူး။ မစိုးရိမ်ပါနဲ့၊ ဒီလိုအခြေအနေတွေအတွက်ဖုန်း accessories တွေများစွာရှိပါတယ် ။ ပြေးတဲ့အခါ ဖုန်းကို သိမ်းဆည်းဖို့ ခါးပတ်ကို ဝတ်ဆင်ပါ။ တောင်တက်ခြင်းနဲ့ ရှုခင်းလှည့်ပတ်ကြည့်ရှုခြင်းတို့အတွက် အိတ်ကိုအသုံးပြုပါ။

4. One-handed mood onထားပါ

ခေတ်ပြိုင်စမတ်ဖုန်းတွေဟာ ပိုမိုကောင်းမွန်တဲ့ ဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံများပေးနိုင်ဖို့အတွက် အရွယ်အစားပိုင်းမှာ ပိုကြီးလာကြပါပြီ ။ အုတ်ခဲကိုလက်တစ်ဖက်တည်းနဲ့ကိုင်ထားသလို ဖုန်း screenတစ်ခုလုံးရဲ့ အစိတ်အပိုင်းတိုင်းကို အလွယ်တကူလက်လှမ်းမမှီတော့ပါဘူး။ အခြားလက်တစ်ဖက်က မြေအောက်ရထားလက်တန်းကိုကိုင်ရင်း သို့မဟုတ် စျေးဝယ်အိတ်ကိုကိုင်ထားတုန်း ကျွန်တော့်လက်မကို ဖုန်း screenရဲ့အပေါ်ဘက် bar ဆွဲချနေခဲ့တာကိုကောင်းကောင်းမှတ်မိပါသေးတယ်။အကြိမ်ပေါင်းများစွာ ကိုင်တွယ်နိုင်ဖို့လုပ်ပေမယ့်လည်း အမြဲတမ်းတော့ manageမလုပ်နိုင်ပါဘူး။

 

ဖုန်းထုတ်လုပ်သူတွေအနေနဲ့  မလျော်ကန် ဆီလျော်မှုမရှိတဲ့ ဖုန်းအရွယ်အစားတွေကို နားလည်သဘောပေါက်ကြပြီး သူတို့ပေးသောဖြေရှင်းချက်မှာ one-handed mood ကိုအသုံးပြုခြင်း ဒါမှမဟုတ် iPhone တွေမှာပါတဲ့ reachability mood ကိုအသုံးပြုရန်ဖြစ်သည်။page ကိုဖွင့်ထားပြီး သင့်ရဲ့လက်နဲ့အလွယ်တကူလှမ်းလို့မှီနိုင်မယ့်  တစ်ဝက်တစ်ပျက်စာမျက်နှာကို  အောက်သို့ဆွဲလိုက်ရုံနဲ့တင်အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။

5.ဘယ်နေရာမှာဖုန်းသုံးလေ့ရှိလဲဆိုတာကို ဂရုပြုပါ

အချိန်တိုင်းသတိရှိဖို့ ခက်ခဲတယ်ဆိုတာကိုလက်ခံပါ။ ဒါပေမယ့်လည်း အနည်းဆုံးတော့ လူတွေ ဖုန်းပြုတ်ပြုတ်ကျလေ့ရှိတဲ့ ကံဆိုးတဲ့နေရာတွေမှာ ပိုအာရုံစိုက်နိုင်မယ်ဆိုရင်ရပါတယ်။

အမေရိကန်နိုင်ငံသား သုံးဦးမှာတောင် တစ်ဦးက သူတို့ရဲ့ဖုန်းတွေ အိမ်သာထဲပြုတ်ကျလေ့ရှိတယ်ဆိုတာကို ဝန်ခံကြပါတယ်။ သင့်ရဲ့အလေ့အကျင့်ကိုပြောင်းလဲဖို မရည်ရွယ်ပါဘူး။ သင့်အနေနဲ့ အိမ်သာ၊ရေချိုးခန်း၊မီးဖိုချောင်နဲ့ ဘီယာခွက်တွေနားဖုန်းယူထားမိတဲ့အခါ ရေဝင်ပျက်စီးမှုတွေက​ ပြုပြင်ဖို့မဖြစ်နိုင်သလောက်ရှိတယ်ဆိုတာကိုပဲ သတိပြု​ပါ။

နောက်ပြီး အနည်းငယ်လှုပ်ရှားမှုလေးကလည်း ဖုန်းရဲ့ဟန်ချက်ကိုသက်ရောက်မှုရှိနိုင်တာဖြစ်လို့ ပေါင်ပေါ်တင်ထားတာမျိုးလည်း ကြိုးစားရှောင်ကျဉ်ကြည့်ပါ။ကျွန်တော်တို့အားလုံးဖုန်းတွေကို လက်ကမချအမြဲထားသုံးချင်ကြတာဖြစ်လို့ မျက်နှာပြင်ညီညာတဲ့နေရာတွေပေါ်မှာပဲထားပါ။

နောက်ဆုံးအနေနဲ့ သင့်ဖုန်းကို ကေဘယ်ကြိုးတွေနဲ့ အားသွင်းတဲ့အခါ သတိထားပါ။ဒါကကျွန်တော့်အနေနဲ့လည်း အသုံးအများဆုံးအပိုင်းပါ။ကျွန်တော်တို့အားလုံး သုံးကြပါတယ်။ ဟုတ်တယ်မလား။ပလပ်ကြိုးကိုခလုတ်တိုက်မိပြီး စားပွဲပေါ်ကနေ ဖုန်းကကြမ်းပြင်ပေါကိုရိုက်ကျသွားမယ်။ ကိုယ့်ဘာသာရှုပ်ထွေးနေတဲ့အချိန်ဖြစ်တာကြောင့် သင့်အနေနဲ့လည်း ဘာမှလုပ်လိုက်နိုင်ဖို့အချိန်မရှိဘူး စတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် ကေဘယ်ကြိုးတွေမသုံးပါနဲ့။ သင့်ရဲ့ဖုန်းက support ပေးရင် Wireless chargerကိုပဲသုံးပါ။