သိထားသင့်သော iPhone Cover (၁၀)မျိုး

iPhoneတွေဟာ ဈေးကြီးတဲ့ဆက်သွယ်ရေးပစ္စည်းတစ်ခုဖြစ်လို့ သင့်အနေနဲ့ ဝယ်ယူသုံးစွဲတော့မယ်ဆိုရင် မပျက်ဆီးအောင် ကာကွယ်တတ်ဖို့ လိုအပ်ပါတယ်။ ဖုန်းကို ကာဗာကောင်းကောင်းတပ်ထားတာလည်း ကာကွယ်နည်းတစ်မျိုးပါပဲ။ အဲ့လိုလုပ်ဖို့အတွက် ရွေးခြယ်စရာက အများကြီးရှိပါတယ်။

iPhone 14ရဲ့ ကာဗာအခွံက ကုန်ကြမ်းတစ်မျိုးနဲ့ပြုလုပ်ထားပြီး ဖုန်းနောက်ကျောဘက်နဲ့ အတွင်းပိုင်း စက်ပစ္စည်းတွေကို ပြုတ်ကျတာ၊ ပွန်းရာပဲ့ရာ ထင်တာတွေနဲ့ တခြားထိခိုက်မှုတွေဆီက ကာကွယ်ပေးထားပါတယ်။ iPhoneရဲ့ ကာဗာတွေကို ပလက်စတစ်၊သတ္တု၊ သစ်သားနဲ့ ဆီလီကွန် အစရှိတဲ့ ကုန်ကြမ်းအမျိုးမျိုးနဲ့ ပြုလုပ်ကြလေ့ရှိပါတယ်။ အဲ့လိုကာဗာတပ်ထားတာက ဖုန်းကို လက်ကနေချော်ပြီး ပြုတ်ကြတာ မဖြစ်ဖို့ ကာကွယ်ပြီးသားဖြစ်ပါတယ်။

အဲ့ဒါတွေကြောင့်ပဲ ဖုန်းကာဗာဟာ iPhoneဝယ်ယူသုံးစွဲသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ လက်ရှိဈေးကွက်မှာ ဖုန်းကာဗာအမျိုးပေါင်းများစွာရှိပြီး တစ်ခုချင်းစီက မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်။

ကျွန်တော်တို့ iPhone ရဲ့ ဖုန်းကာဗာ (၁၀)မျိုးအကြောင်း တစ်ချက်လောက် လေ့လာကြည့်ရအောင်ပါ။

 

Charging Case

Apple Smart Battery Case လို့ခေါ်တဲ့ ဒီကာဗာလေးကတော့ built-in batteryလေးတပ်ဆင်ပေးထားလို့ သင့်ဖုန်းကို အားသွင်းနိုင်မှာပဲဖြစ်ပါတယ်။ ဒါက ခရီးမကြာမကြာထွက်ရပြီး ဖုန်းအားလိုနေတတ်တဲ့ လူတွေအတွက်ဆို အင်မတန်အဆင်ပြေပါတယ်။ အားသွင်းတာအပြင် ဘက်ထရီပါတဲ့အလွှာကထူနေတဲ့ ဖုန်းကို ထိခိုက်ပျက်ဆီးနိုင်မှုတွေကနေလည်း ကာကွယ်ပေးထားပါတယ်။

 

ဒါပေမဲ့ Batteryပါဝင်နေတဲ့အတွက် အနည်းငယ်လေးလံတာကြောင့် လူတွေက သိပ်အသုံးပြုလေ့ မရှိပါဘူး။ Appleကိုယ်တိုင်တောင်မှ ထပ်မံပြုလုပ်၊ရောင်းချချင်း မရှိတော့ပဲ MagSafe Charger caseဆိုပြီး တခြားပုံစံတူတစ်မျိုးကိုပဲ ထုတ်လုပ်ရောင်းချနေပါတယ်။

 

Protective Case

ဒီကာဗာတွေကတော့ iPhone 14ကို ခြစ်ရာ၊ပွန်းပဲ့ရာတွေနဲ့ တခြားထိခိုက်မှုတွေဆီက ကာကွယ်ပေးထားပါတယ်။ များသောအားဖြင့် အာရာမစ်ဖိုက်ဘာ၊ TPU နဲ့ တခြားကုန်ကြမ်းတွေရောစပ်ပြီး ပြုလုပ်ထားလေ့ရှိပါတယ်။ ကိုယ့်ဖုန်းကို ထိခိုက်ပျက်ဆီးမှာ စိုးရိမ်တတ်လို့ iPhone userတွေအတွက် ဒါလေးကသင့်တော်ပါတယ်။

အာရာမစ်နဲ့ကာဘွန်ဖိုက်ဘာဆိုတာ လက်ရှိဖုန်းကာဗာဈေးကွက်မှာ အမာဆုံးကုန်ကြမ်းတွေဖြစ်ပါတယ်။ သူတို့တွေက သယ်ဆောင်ရတာပေါ့ပါးပြီး ပါးလွှာမှုလည်းရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ ဒီကာဗာတွေက သင့်iPhoneကို သယ်ဆောင်ရတာ လေးလံစေမှာမဟုတ်ပါဘူး။ ဆီလီကွန်ပါထည့်သွင်းထားတော့ ဖုန်းရဲ့ထောင့်ချိုးလေးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ ဖုန်းရဲ့ လိုင်းတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ ပြဿနာ တစ်ခါတစ်လေဖြစ်တတ်လို့ ကာဘွန်ဖိုက်ဘာသုံးကာဗာတွေကို ဝယ်ယူမယ်ဆို သတိတော့ထားသင့်ပါတယ်။

 

Aramid Fiber Case

အာရာမစ်ဖိုက်ဘာအသုံးပြုထားတဲ့ ဖုန်းကာဗာတွေက iPhoneအသုံးပြုသူတွေအတွက် အသင့်တော်ဆုံးပါ။

 

အပူဒဏ်ကိုခံနိုင်တဲ့အပြင် ပါးလွှာပြီး မာကြောတဲ့ဖိုက်ဘာတွေနဲ့ပြုလုပ်ထားတာဖြစ်လို့ ရိုးရှင်းတဲ့ပုံစံလေးပါပဲ။ ကိုင်ရတာချောမွေ့ပေမဲ့ လက်ကနော်ချော်မကြအောင် ပုံသွင်းထားလို့ ကိုင်ဆောင်ရတာ သက်တောင့်သက်သာဖြစ်ပါတယ်။

ဒီကာ‌ဗာလေးတွေက ကာဗွန်ဖိုက်ဘာကာဗာလေးတွေနဲ့ ဆင်တူပါတယ်။အာရမစ်ဖိုက်ဘာတွေကို အစက လေတပ်နဲ့စစ်တပ်သုံးအတွက်ပဲ ရည်ရွယ်ထားခဲ့ကြတာဖြစ်လို့ ပုံမှန်ထက်ပိုပြီး ပွန်းပဲ့တာတွေကနေ ခံနိုင်ရည်ရှိပါတယ်။

သင့်အနေနဲ့ iPhone အတွက် Aramid Cover လေးဝယ်ယူတော့မယ်ဆိုရင် PITAKA MagEZ Case ဟာ အပါးလွှာဆုံးနဲ့ အပေါ့ဆုံးပါပဲ။ ပိုပြီး မာကြောတာလိုချင်ရင်တော့ စစ်တပ်နည်းပညာနဲ့ စမ်းသပ်ထားတဲ့ MagEZ Case Pro ကိုဝယ်ယူနိုင်ပါတယ်။

 

Wooden Case

များသောအားဖြင့် တကယ့်သစ်သားအစစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး တစ်ခါတစ်‌လေတော့လည်း ကုန်ကြမ်းအမျိုးမျိုးနဲ့ ရောစပ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ တာရှည်ခံပေမဲ့ တခြားကာဗာတွေနဲ့ ယှဉ်ရင် ဖုန်းကိုကာကွယ်ပေးနိုင်စွမ်းနည်းပါးပါတယ်။

 

 Silicone Case

နူးညံ့၊ပျော့ပြောင်းပြီး ပြင်ပထိခိုက်မှုတွေကိုခံနိုင်ရည်ရှိတဲ့ ကုန်ကြမ်းနဲ့ပြုလုပ်ထားတာဖြစ်လို့ သင့်iPhoneကို ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ များသောအားဖြင့် ပွန်းရာပဲ့ရာနဲ့ပြုတ်ကျမှုတွေဆီကနေ ကာကွယ်ဖို့ ဖန်တီးထားတာပါ။ ဒါပေမဲ့ သုံးတာကြာလာရင် မျက်နှာပြင်မှာ အဆီပြန်သလိုလိုနဲ့ ကပ်စေးစေးဖြစ်လာတတ်ပါတယ်။ ဖုန်တွေကပ်ပြီး ညစ်ထေးထေးလည်း ဖြစ်လာတတ်ပါတယ်။

 

Magnetic Case

Appleက MagSafe ကာဗာတွေ ပြန်လည်ထုတ်လုပ်ရောင်းချနေကတည်းက Magnetic Caseတွေ နာမည်ပြန်ရလာပါတယ်။ ဒါပေမဲ့ အဲ့မတိုင်ခင်ကတည်းက တခြားcompanyတွေက Magnetic Caseတွေထုတ်လုပ်ရောင်းချနေတာရှိပါတယ်။ PITAKAကတော့ အဲ့ထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။

 

များသောအားဖြင့် ဒီကာဗာတွေကို သံလိုက်တွေနဲ့တည်ဆောက်ထားပြီး သင့်ဖုန်းကို စက်ဘီးလက်တန်းနဲ့ကားရှေ့ခန်းတွေမှာ ကပ်ထားလို့ရအောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။ wireless chargerလို ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်အောင်လည်း ဖြစ်ပါတယ်။ တစ်ချို့သုံးစွဲသူတွေက သဘောကျပေမဲ့ တစ်ချို့ကတော့ ဒီကာဗာတွေက တခြားစက်ပစ္စည်းတွေ သုံးစွဲရာမှာ အနှောင့်အယှက်လိုဖြစ်နေတတ်ပြီး ကြာရှည်မခံဘူးလို့ ယူဆထားကြပါတယ်။

 

Leather Case

ဖက်ရှင်ကျပြီး ဝန်ဆောင်မှုကောင်းတဲ့ ပစ္စည်းကိုရှာနေတယ်ဆိုရင်တော့ လည်သာကာဗာတွေက ရွေးခြယ်စရာတစ်ခုပါပဲ။ ရေစိုဒဏ်တဲ့အတွက် ရေနဲ့တခြားသောက်စရာတွေ ဖိတ်ကျရင် ဖုန်းပျက်ဆီးမှာကို စိတ်ပူစရာမလိုပါဘူး။ လည်သာက သုံးစွဲတာကြာလေ ပုံစံပိုပေါ်လာပြီး လှလေဖြစ်လာတာကြောင့် ထူးခြားဆန်းပြားတဲ့ designကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။

မိုက်ခရိုဖိုက်ဘာနဲ့ရောစပ်ထားတဲ့ လည်သာကာဗာတွေသုံးမယ်ဆိုရင်တော့ သင့်iPhoneကို သန့်စင်နေအောင် ကိုင်ဆောင်ထားနိုင်မှာပဲဖြစ်ပါတယ်။ရွေးခြယ်စရာ အရောင်နဲ့ပုံစံ အမျိုးမျိုးရှိပြီးတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ကာဗာကို ရွေးခြယ်နိုင်ပါတယ်။

 

Waterproof Case

သင့်ဖုန်းကို ရေစိုဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ များသောအားဖြင့် ပလက်စတစ်၊ဆီလီကွန်တွေနဲ့ ပြုလုပ်ထားပြီး ထောင့်ချိုးတွေမှာ ရေမစိမ့်ဝင်နိုင်အောင်ပြုလုပ်ထားပါတယ်။ သစ်သားကလွဲရင် ဖုန်းကာ‌ဗာပြုလုပ်တဲ့ ကုန်ကြမ်းတော်တော်များများကတော့ ရေစိုတဲ့ဒဏ်ကနေ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးပါတယ်။

ရေစိုဒဏ်ကို ဘယ်လောက်ခံနိုင်လဲဆိုတာကို IP (ingress protection)နည်းစနစ်နဲ့တိုင်းတာပြီး IP ratingများလေ ရေစိုပိုခံနိုင်လေဖြစ်ပါတယ်။

Spidercase Waterproof Casesတွေကတော့ ရေကူးတာ၊လှေလှော်တာပြုလုပ်တတ်တဲ့ iPhone userတွေအတွက် သင့်တော်ပါတယ်။ စွန့်စားမှုတွေလည်းလုပ်ရင်း ဓာတ်ပုံ၊ဗီဒီယိုတွေလည်းရိုက်ယူရတာကြိုက်တဲ့လူတွေအတွက်တော့ ရွေးခြယ်သင့်တဲ့ ကာဗာတွေပါပဲ။

 

Wallet Case

iPhone နဲ့တကွ credit cards၊ ပိုက်ဆံအချို့နဲ့ တခြားပစ္စည်းတွေပါ ထည့်ကိုင်ထားချင်တဲ့ လူတွေအတွက် ဖန်တီးပေးထားတာဖြစ်ပါတယ်။လည်သာနဲ့ စီလီကွန်တွေသုံးပြီး ပြုလုပ်လေ့ရှိပါတယ်။ cardတွေပါထည့်နိုင်ဖို့ ပြုလုပ်ထားတာမို့လို့ အနည်းငယ်ထူပါတယ်။

 

လက်ရှိမှာ Bellroyကတော့ အမျိုးမျိုးသော ဖုန်းတွေအတွက် Wallets Casesတွေ ထုတ်လုပ်ရောင်းချနေပါတယ်။

 

Stand Case

ဖုန်းကို လက်နဲ့အကြာကြီးမကိုင်ထားပဲ ဗီဒီယိုတွေကြည့်ရတာ ကြိုက်တယ်ဆိုရင်တော့ standပါပြီးသား ကာဗာတွေကို ရွေးခြယ်သင့်ပါတယ်။ ဖြန့်ချီ၊ခေါက်ချည်ပြုလုပ်လို့ရပြီးတော့ ထောက်စရာတစ်ခုလိုအသုံးပြုလို့လည်း ရပါတယ်။ ဒါပေမဲ့ ကိုင်ရတာတော့ ထူနေမှာဖြစ်ပါတယ်။

အသုံးပြုတော့မယ်ဆိုရင်တော့ နောက်က standလိုထောက်ထားပေးတဲ့ အပြားလေးက လျော့တိလျော့ရဲ ဖြစ်မနေအောင် ဂရုစိုက်ကြည့်ပါ။ မဟုတ်ရင် ဖုန်းပြုတ်ကျပြီး ထိခိုက်နိုင်ပါတယ်။

အကျဥ်းချုံးပြောရရင်တော့ iPhoneအသုံးပြုနေပြီဆိုရင် ဖုန်းကာဗာကောင်းကောင်းတပ်ဆင်ထားတာက အထိရောက်ဆုံးကာကွယ်မှုပါပဲ။ သင့်နေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ ကာဗာကိုရွေးခြယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။

ကိုယ်နဲ့အကိုက်ညီဆုံး ဖုန်းကာဗာဖြစ်နေဖို့လည်းလိုပါတယ်။လက်ရှိမှာ PITAKAကတော့ phoneနဲ့ tabletတွေအတွက် ကြာရှည်ခံပြီး အသုံးပြုရအဆင်ပြေတဲ့ ကုန်ကြမ်းတွေကိုအသုံးပြုပြီး ကာဗာအမျိုးမျိုးကို ထုတ်ဝေရောင်းချလျက်ရှိပါတယ်။ PITAKAကထုတ်ဝေနေတဲ့ နောက်ဆုံးပေါ် iPhone ကာဗာအမျိုးမျိုးကို websiteမှာကြည့်ရှုပြီးရွေးခြယ်ဝယ်ယူနိုင်ပါတယ်။

iPhone 15 Series | Pitaka Myanmar Choice

iPhone 14 Series | Pitaka Myanmar Choice